ဓာတ်ပုံ – မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ (လွိုင်လင်)

‎လွေးထွေး၊ ဇန်နဝါရီ ၁၈ ရက်၊ နမ့်စန်

‎ရှမ်း‌တောင် နမ့်စန်မြို့နယ် လွိုင်လင်-နမ့်စန် ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ခရီးသည်တင်ယာဉ်တစ်စီး ချောက်ထဲကျခဲ့တာကြောင့် ခရီးသည် အမျိုးသား ၁ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ၉ ဦး ဒဏ်ရာရခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ (လွိုင်လင်)က ထုတ်ပြန်ထားပါတယ်။

‎‎ဇန်နဝါရီ ၁၇ ရက် မနက် ၁၀ နာရီ ဝန်းကျင်မှာ လွိုင်လင် – နမ့်စန် ပြည်ထောင်စုလမ်းမကြီး မိုင်တိုင် ၁၇၇/၁ အနီးမှာ ခရီးသည် ၁၁ ဦး လိုက်ပါလာတဲ့ အံစာတုံးကားတစ်စီး အရှိန်မထိန်းနိုင်တာကြောင့် ချောက်ထဲကျခဲ့တာ ဖြစ်ပါတယ်။

၎င်းလမ်းပေါ် ပြေးဆွဲသွားလာတဲ့ ကားသမားတစ်ဦးက “အဲနေရာတကျော မတော်တဆ ခဏခဏဖြစ်တယ်။ ဂရုစိုက်ဖို့ လိုတယ်။ မြင်ခဲ့ရတဲ့ မြင်ကွင်းတွေက စိတ်မချမ်းမြေ့စရာတွေဘဲ” လို့ ပြောပါတယ်။

‎ထိခိုက်ဒဏ်ရာရသူ အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၆ ဦး တို့ကို မီးသတ်အဖွဲ့နဲ့ ကယ်ဆယ်ရေးသမားတွေက သွားရောက်သယ်ဆောင်ပေးခဲ့ပြီး လွိုင်လင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

‎ယာဉ်တိမ်းမှောက်မှု လျော့နည်းအောင်နဲ့ အန္တရာယ်ကင်းအောင် ခရီးသွား ကားသမားတွေအနေနဲ့ ဂရုတစိုက် မောင်းဖို့လိုအပ်ကြောင်း နောက်ထပ် နမ့်စန်ဒေသခံ အမျိုးသမီးက ဆိုပါတယ်။

‎ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလကလည်း လွိုင်လင်-နမ့်စန် ပြည်ထောင်စု လမ်းမပေါ်မှာ ကား‌မှောက်လို့ ခရီးသည် ၃ ဦး ဒဏ်ရာရခဲ့ပါတယ်။

‎~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။