ရဲမာန်၊ ဇန်နဝါရီ ၂၁ ရက်

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့မှာ အသက်အပြည့်သေးတဲ့ ၁၅ နှစ်အရွယ်အမျိုးသမီးတစ်ဦးကို ချစ်သူကောင်လေးနဲ့ ရပ်ကွက်အုပ်ရေးမှူးအပါ အမျိုးသား ၄ ဦးက အဓ္ဓမ္မပြုကျင့်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ ရက်မှာ ဘုရားသုံးဆူမြို့ ထားဝယ်အုပ်စုရပ်ကွက် နေထိုင်သူ အမျိုးသမီးငယ်က ချစ်သူကောင်လေးချိန်းရာကို သွားတွေ့စဉ် ဖြစ်ပွားခဲ့ပြီး ရုပ်အလောင်းကိုတော့ ဇန်နဝါရီ ၁၀ ရက်‌နေ့ မနက် ၈ နာရီဝန်းကျင်မှာ တွေ့ရှိခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“ကောင်မလေး အိမ်ကနေထွက်သွာပြီး ၃ရက်မြောက်နေ့မှ ထားဝယ်စု ရေတွင်းအပျက်မှာ အလောင်းကို သွားတွေ့တာ။ ပြီးတော့ မိဘတွေတိုင်ကြားချက်အရ ကောင်မလေးက သူကောင်လေးနဲ သွားတွေ့တယ်။ အဲ့လိုသတင်း ကြားကြားခြင်းမှာဘဲ ကောင်မလေးရဲ့ ဘဲကိုသွားဖမ်းပြီး မေးမြန်းတာပေါ့။ ဝန်မခံပါဘူး။ သူတို့လုပ်ခဲ့တဲ့နေရာမှာ ကွန်ဒုံးကျန်ခဲ့ရာကနေ အဲ့တာကိုဘယ်ကဝယ်လဲ လိုက်ရာကနေ အစဖျောက်တဲ့ထိ လုပ်ကြံကြတာကို သိခဲ့ရတယ်။ ပြုကျင့်ခဲ့တာက ကောင်မလေးရဲ့ ဘဲရယ် ပြီးတော့ ကောင်လေးရဲ့ သူငယ်ချင်း နှစ်ယောက်နဲ့ ချာလီဆိုတဲ့ ရပ်ကွက်အုပ်ရေးမှူးတွေက ပြုကျင့်ခဲ့တာ။ ပြုကျင့်ခဲ့တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးက သတ်ဖို့ပြောပြီး အလောင်းကို သူဘဲ ဖျောက်ခိုင်းတာလို့ ဝန်ခံထားပါတယ်” လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

အဆိုပါ ပြစ်မှုကျူးလွန်သူတွေကတော့ အသက် ၁၇ နှစ်ကျော် မောင်ကောင်းဆက်၊ အသက် ၁၉ နှစ်အရွယ် မောင်ဌေးကို၊ အသက် ၁၉ နှစ်အရွယ် မောင်နိုင်ဝင်းကိုနဲ့ အသက် ၆၃ နှစ်အရွယ် ဦးချာလီတို့ဖြစ်တယ်လို့ ၎င်းက ဆက်ပြောပါတယ်။

“သက်သေတွေ ပြည့်စုံနေပြီဆိုရင် ၄၅ ရက်အတွင်းမှာဘဲ အမိန့်ချပါတယ်။ အမှန်တရားအတိုင်းဘဲ ဖြစ်စေချင်ပါတယ်။ တကယ်ကျူးလွန်ခဲ့သူ‌တွေကိုတော့ သူတို့နဲ ထိုက်တန်တဲ့ အပြစ်တော့ ချမှတ်စေချင်တယ်” လို့ အထက်ပါအမျိုးသားက ပြောပါတယ်။

အဓ္ဓမပြုကျင့်ခဲ့တဲ့ အဆိုပါ အမျိုးသား ၄ ဦးကို ကရင်အမျိုးသားအစည်းအရုံး (KNU) တရားရုံးမှာ ဖမ်းဆီးထားပြီး အမှုစစ်ဆေးမှုပြုလုပ်နေတယ်လို့ ၎င်းက ဆက်ပြောပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။