ညီနောင်မဟာမိတ် ၃ ဖွဲ့ ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ် မူဆယ် ၁၀၅ မိုင် ကျင်စန်းကျော့ နယ်စပ်ဂိတ်မှာ ကုန်သွယ်မှု ပိုမိုလုပ်ဆောင်လာကြတယ်လို့ ၁၀၅ မိုင်ရှိ နယ်စပ်ကုန်သည်တွေဆီက သိရပါတယ်။
တရုတ်ဘက်ကနေ မြန်မာဘက်ကို စားသောက်ကုန် သယ်ယူခွင့် ပြုနေပြီး မြန်မာဘက်ကနေ ပြောင်းဖူး၊ ကြံ၊ မီးသွေးနဲ့ထင်း စတာတွေကို တင်သွင်းခွင့်ပြုကာ စက်ပစ္စည်းတွေကိုတော့ တရုတ်ဘက်က ဆက်လက် ကန့်သတ်ထားဆဲ ဖြစ်ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။