ရွှေဖီမြေ၊ ဖေဖော်ဝါရီ ၇ ရက်

တအာင်းပြည် ပညာရေးကောင်စီ- TLEC က ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွင်း စာသင်ကျောင်းပေါင်း ၅၁၁ ကျောင်း ဖွင့်လှစ်နိုင်ခဲ့ပြီး ကျောင်းသူကျောင်းသား ၅၃,၆၅၃ ဦး တက်ရောက်သင်ကြားခဲ့တယ်လို့ သိရပါတယ်။

စာသင်ကျောင်းတွေကို TLEC ရဲ့ ဆရာဆရာမ အင်အား ၂,၈၇၅ ဦးနဲ့ တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်နယ်မြေအပြင် တခြား တိုင်းရင်းသား လက်နက်ကိုင်တွေရှိတဲ့ မိုင်းယော်၊ နမ့်ဖတ်ကာ၊ ၁၀၅ မိုင် (မူဆယ်)စတဲ့နေရာတွေမှာ ဖွင့်လှစ်ခဲ့တာပဲ ဖြစ်ပါတယ်။

စစ်တပ်က ကျောက်မဲ၊ သီပေါ၊ မိုးကုတ်နဲ့ မိုးမိတ်မြို့ကို ပြန်လည်ထိန်းချုပ်ပြီးနောက် ဆရာဆရာမ ၁,၀၉၈ ဦး နှုတ်ထွက်ကာ လုံခြုံရေး၊ လူမှုရေးနဲ့ စီးပွားရေး စတဲ့ကိစ္စရပ်ကြောင့် ကျောင်းသူကျောင်းသားပေါင်း ၁၆,၈၉၁ ဦးလည်း ပညာသင်ကြားခွင့် ဆုံးရှုံးခဲ့ရပါတယ်။

ထုတ်ပြန်ချက်အရ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်မှာ TLEC က ကျောင်းပေါင်း ၆၀၃ ကျောင်း ဖွင့်လှစ်ခဲ့သလို ဆရာဆရာမ အင်အား ၃,၄၀၄ ဦးနဲ့ ကျောင်းသူကျောင်းသားပေါင်း ၆၉,၀၆၄ ဦးကို သင်ကြားပို့ချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါကြောင့် TLEC က ၂၀၂၅-၂၀၂၆ ပညာသင်နှစ်ရဲ့ စာသင်ကျောင်း အရေအတွက်နဲ့ ဆရာဆရာမ ဦးရေဟာ ပြီးခဲ့တဲ့ ၂၀၂၄-၂၀၂၅ ထက် ၁၅ ရာခိုင်နှုန်း လျော့ကျလာပြီး ကျောင်းသူကျောင်းသားဦးရေကတော့ ၂၂ ရာခိုင်နှုန်း လျော့ကျလာပါတယ်။

TLEC က အနာဂတ်ပညာရှင်တွေ မွေးထုတ်ပေးတဲ့ တအာင်းပညာရေး အကယ်ဒမီ (Ta’ang Education Academy- TEA)ကျောင်း အပတ်စဉ် (၃)အထိ ဖွင့်လှစ်နိုင်ခဲ့ပြီး ဒီပလိုမာအဆင့် သင်တန်းကျောင်းကို အပတ်စဉ်(၂)အထိ ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ပါတယ်။

ဒါ့အပြင် တက္ကသိုလ် ဆက်လက် တက်ရောက်လိုတဲ့ ကျောင်းသူကျောင်းသားတွေကို TLEC က တအာင်းမြေ တက္ကသိုလ် (Ta’ang Land University- TLU)ကိုလည်း Wunzin Online University နဲ့ ချိတ်ဆက်ပေးပြီး အွန်လိုင်း သင်ကြားရေးစနစ်နဲ့ သင်ကြားပေးသွားမယ်လို့ ဆိုပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။