ရွှေဖီမြေ၊ ဇန်နဝါရီ ၂၆ ရက်
ကိုးကန့်ရိုးရာ ” တာကျောင်” ပူဇော်ပွဲ အထိမ်းအမှတ်ဆိုပြီး ဖမ်းဆီးထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀၀ ဦးနဲ့ အကျဥ်းသား ၉ ဦးကို လွှတ်ငြိမ်းခွင့်ပေးပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ ကိုးကန့်တပ်- MNDAA က မနေ့ ဇန်နဝါရီ ၂၅ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
မနေ့ ဇန်နဝါရီ ၂၅ ရက် ကိုးကန့်နတ်ဘုန်းကြီးကျောင်းမှာ ပြုလုပ်တဲ့ “တာကျောင်” မဟာပူဇော်ပွဲကို ခမ်းခမ်းနားနားပြုလုပ်ခဲ့ပြီး အကျဥ်းသား ၉ ဦးနဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၅၀၀ ဥဦးပြန်လွှတ်ပေးခဲ့ကာ ကျန်အကျဥ်းသား၄၉ ဦးကို ပြစ်ဒဏ်လျော့ပေါ့ပေးခဲ့တယ်လို့ ဆိုပါတယ်။
“တာကျောင်” မဟာပူဇော်ပွဲဟာ သေဆုံးသွားတဲ့ သူရဲကောင်းဝိညာဥ်တွေကို ကောင်းရာသုဂတိသို့ ရောက်ရှိအောင် ဆုတောင်းပေးတဲ့ပွဲဖြစ်တယ်လို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။
တာကျောင်” မဟာပူဇော်ပွဲကို ကိုးကန့်တပ်ရဲ့ စစ်ဦးစီးချုပ် ဖုန်တာရွှင်နဲ့ ခေါင်းဆောင်တွေ တက်ရောက်ခဲ့ပြီး တော်လှန်ရေးအတွင်း သေဆုံးသွားတဲ့ တော်လှန်ရေးရဲဘော်တွေကို ဦးညွတ်ဂါရဝပြုခဲ့တယ်လို့ ဆိုပါတယ်။
ကိုးကန့်တပ်ဟာ စစ်ကောင်စီနဲ့ အပစ်ရပ်ပြီးနောက် ဖမ်းဆီးထားတဲ့ စစ်ကောင်စီစစ်သုံ့ပန်းတွေကို လွှတ်ပေးတာတွေ မကြာခဏပြုလုပ်နေတာ တွေ့ရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာလထဲမှာလည်း စစ်ကောင်စီရဲ့ စစ်သုံ့ပန်း ၂၀၀ ကျော်ကို ကိုးကန့်တပ်က လွှတ်ငြိမ်းခွင့်ပေးခဲ့ပါတယ်။
တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုကြောင့် ၂၀၂၅ ခုနှစ်ဇန်နဝါရီလကစပြီး ကိုးကန့်တပ်နဲ့ စစကောင်စီတပ်အကြား အပစ်ရပ်ထားတာ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။