ဓာတ်ပုံ – CJ

အလင်း၊ ဖေဖော်ဝါရီ ၄ ရက်၊ ဖလမ်း

ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကူအဖြစ် တက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ချင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး ဗိုလ်မှူးတစ်ဥဦးအပါအဝင် ၃၆ ဦး သေဆုံးခဲ့တယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်တွေက ရွှေဖီမြေသို့ ပြောပါတယ်။

ကလေးမြို့ (ဒကစ) မှ အင်အား ၃၀၀ ခန့် ချီတက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို မနေ့ ဖေဖော်ဝါရီ ၃ ရက် မနက်ပိုင်းမှာ သိုင်းငင်းနဲ့ ဖလမ်းမြို့အကြား ဇောင်လေးကျေးရွာမှာ ချင်းပူးပေါင်းတပ်ဖွဲ့တွေက စောင့်ကြိုတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

“ဖလမ်းမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ သိုင်းငင်းဘက်က အင်အား ၃၀၀ ခန့် ချီတက်လာတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်း ၃ ကြောင်းကို စောင့်ကြိုပြီး ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။ တိုက်ပွဲက ပြင်းထန်ပြီး စကစဘက်က ထိခိုက်သေဆုံးမှု အတော်များတယ်” လို့ ရှေ့တန်းစစ်ရေးသတင်းအရင်းအမြစ်က ရွှေဖီမြေသို့ ပြောပါတယ်။

အဲဒီတိုက်ပွဲမှာ ဗိုလ်မှူးတစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၆ ဦးခန့် သေဆုံးပြီး အနည်းဆုံး ၂၀ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီထံမှ လက်နက်ခဲယမ်းမျိုးစုံနဲ့ တိုက်ပွဲတွင်း လေယာဥ်နဲ့ ချပေးတဲ့ ရိက္ခာခြောက်အများပြားကိုလည်း ချင်းကာကွယ်ရေး ပူးပေါင်းတပ်တွေက သိမ်းဆည်းရမိခဲ့ပါတယ်။

“လက်နက်မျိုးစုံ ၃၃ လက် သိမ်းဆည်းရမိခဲ့ပါတယ်။ ပြီးတော့ ကျည်ဆံ ၅,၀၅၆ ထောင့်၊ M-79 ကျည် ဗုံးသီး ၄၈ လုံးလည်း သိမ်းဆည်းရတယ်။ ရိက္ခာခြောက်တွေလည်းပါတယ်။” လို့ ရှေ့တန်းစစ်ရေးသတင်းမြစ်က ရွှေဖီမြေသို့ ပြောပါတယ်။

ဖလမ်းမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ရေးအတွက် စစ်ကောင်စီဟာ ၂၀၂၅ ခုနှစ် နိုဝင်ဘာလကတည်းက စစ်ကြောင်းနှစ်ကြောင်းခွဲပြီး ထိုးစစ်ဆင်ခဲ့ပေမဲ့ ချင်းတော်လှန်ရေး တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် ဖလမ်းမြို့ မရောက်နိုင်သေးပါဘူး။

အဲဒီစစ်ကြောင်းတွေဟာ ၃ လ ကျော်ကြာခဲ့ပေမဲ့ ဖလမ်းမြို့ မရောက်နိုင်သေးဘဲ ခွာန်လီရွာနဲ့ ဆုန်ဟာရမ်ရွာမှာ ခြေကုတ်နေရာယူ တပ်စွဲထားတယ်လို့ သိရပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။