ရွှေဖီမြေ၊ ဇန်နဝါရီ ၈ ရက်၊ မြင်းခြံ
မန္တလေးတိုင်း မြင်းခြံမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တို့ တစ်ရက်ထဲ တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်က ၁၃ ဦးသေဆုံးခဲ့တယ်လို့ Myingyan Black Tiger (MBT) မြင်းခြံခရိုင်အမှတ်(၉) က ဒီနေ့ ဇန်နဝါရီ ၈ ရက်မှာ ထုတ်ပြန်လာပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ ရက် မနက် ၅ နာရီမှာ လေးအိမ်တန်းကျေးရွာရှိ ရွှေညောင်ပင်ဂိတ်ကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဘက်မှာ ၁၀ ဦးသေဆုံးပြီး ၂ ဦးအရှင်ဖမ်းမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အလားတူ ဇန်နဝါရီ ၆ ရက် ည၈ နာရီဝန်းကျင် ပိုက်တဲကုန်းကျေးရွာအနီး လာရောက်ကင်းပတ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်ရာ ၃ ဦး ထပ်မံသေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ထံမှ MA1 သေနတ် (၁)လက်နှင့်အတူ ခဲယမ်းအချို့အား မိမိတို့ MBTတပ်မှ သိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
၎င်းတိုက်ခိုက်မှုကို Myingyan Black Tiger (MBT)မြင်းခြံခရိုင်အမှတ်(၉) တပ်ရင်းနှင့်အတူ MGN အညာသားပြောက်ကျားတပ်၊ Onemore စစ်ကြောင်း၊မြင်းခြံခရိုင်အမှတ်(၂)တပ်ရင်း၊မိုရှည်ဒါးယမ်းအဖွဲ့၊YLKတပ်ဖွဲ့၊အမေ့လက်ရုံးတပ်ဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။