မိုင်းဖိူမ်းဆငဲ၊ ဇန်နဝါရီ ၂၃ ရက်

“ဝ”တပ်မတော် – UWSA ထိန်းချုပ်ထားတဲ့ နယ်မြေအတွင်းထဲမှာရှိတဲ့ လုပ်ငန်းရှင်တွေအနေနဲ့ အလုပ်သမားတွေရဲ့ လုပ်အားခကို တရုတ်နှစ်ကူးမတိုင်ခင်အထိ အကုန်လုံး ရှင်းပေးရမယ်လို့ “ဝ”တပ်ဘက်က ထုတ်ပြန်ထားပါတယ်။

လုပ်ငန်းရှင်တွေဘက်က ရှောင်ပြေးတာ၊ လုပ်အားခ နောက်ကျပေးတာ၊ အပြည့်အဝ မပေးတာတွေ မကြာခဏ ဖြစ်ပွားနေတဲ့ “ဝ” ပြည်မှာ လာမယ့် ဖေဖော်ဝါရီလမှာ ကျရောက်မယ့် တရုတ်နှစ်သစ်ကူး မတိုင်ခင်အထိ အပြီးပေးဖို့ “ဝ” ပြည်တရားစီရင်ရေးကော်မတီ – WSP က သတိပေးထုတ်ပြန်ခဲ့ပါတယ်။

လုပ်ငန်းရှင်တွေအနေနဲ့ ပျက်ကွက်တာ၊ နောက်ကျတာ၊ သတ်မှတ်ချိန်အထိ လုပ်အားခမပေးတာတွေ ရှိရင် တိုင်ကြားနိုင်တယ်လို့ UWSA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးညီရန်းက ရွှေဖီမြေကို ပြောပါတယ်။

“လုပ်သားပြည်သူများ မနစ်နာစေရေးအတွက် နှစ်တိုင်းလို ကြိုထုတ်ပြန်လေ့ရှိပါတယ်။” လုပ်ငန်းရှင်တွေဖက်က ပျက်ကွက်ရင် နီးစပ်ရာ ရဲဌာန ဆက်ဆံရေးရုံးတွေမှာ တိုင်းကြားလို့ရပါတယ်” သူက ဆိုပါတယ်။

“ဝ” ပြည်မှာ အဖြစ်မြောက်ဆုံးအလုပ်က သတ္ထုလုပ်ငန်းဖြစ်ပြီး အလုပ်သမားအများစုဟာ ပြောင်းရွှေ့အလုပ်သမားတွေဖြစ်ကြသလို လုပ်ငန်းရှင်တွေက တရုတ်တွေ ဖြစ်ကြပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။