ရွှေဖီမြေ၊ ဇန်နဝါရီ ၂၂ ရက်
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ ၂၀၂၆ – ၂၀၂၇ ဘဏ္ဍာနှစ်မှာ ကောက်ခံမယ့် အခွန်နှုန်းတွေကို မနေ့ ဇန်နဝါရီ ၂၁ ရက်မှာ ထုတ်ပြန်လာပါတယ်။
အကောက်ခွန်ကောက်ခံရာမှာ ရိုးရိုးကုန်စည်ကို ပစ္စည်းတန်ဖိုးရဲ့ ၃ ရာခိုင်နှုန်း၊ အထူးကုန်စည်ကို ပစ္စည်းတန်ဖို့းရဲ့ ၁၅ ရာခိုင်နှုန်းနဲ့ တအာင်းဒေသအတွင်း ဖြတ်သန်းသွားလာတဲ့ ယာဥ်တွေကို ပစ္စည်းတန်ဖိုးရဲ့ ၇ ရာခိုင်နှုန်းကောက်ခံသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဝင်ငွေခွန်ကို အသားတင်အမြတ်အပေါ် မူတည်ပြီး ၀ ရာခိုင်နှုန်း၊ ၂ ရာခိုင်နှုန်း၊ ၃ ရာခိုင်နှုန်း၊ ၅ ရာခိုင်နှုန်းနဲ့ ၇ ရာခိုင်နှုန်းကောက်ခံသွားမယ်လို့ ဖော်ပြထားပါတယ်။
ကုန်သွယ်ခွန်ကိုတော့ ၃ ရာခိုင်နှုန်းကောက်ခံမှာဖြစ်ပြီး တံဆိတ်ခေါင်းခွန်ကိုတော့ “၀”ရာခိုင်နှုန်းကနေ ၃ ရာခိုင်နှုန်းအထိ ကောက်ခံသွားမယ်လို့ ဆိုပါတယ်။
PSLF/TNLA ဟာ ရှမ်းမြောက် နမ့်ဆန်၊ မန်တုံ၊ မိုင်းလုံ၊ မိုင်းငေါ့၊ နမ္မတူ၊ နမ့်ခမ်းနဲ့ ကွတ်ခိုင်မြို့တွေကို ထိန်းချုပ်ထားပြီး အုပ်ချုပ်ရေးလုပ်ငန်းတွေအပြင် ပညာရေးနဲ့ ကျန်းမာရေးစတဲ့ လူထုဝန်ဆောင်မှုတွေကို ဆောင်ရွက်ပေးနေပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။