လွေးဇွန်မိုး၊ ဖေဖော်ဝါရီ ၄ ရက်

ကချင်တပ်မတော်-KIA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာမှာ ကလေးငယ်တွေ လက်ပစ်ဗုံး ဆော့ကစားရာကနေ ပေါက်ကွဲလို့ ၁ ဦး သေဆုံးပြီး ၃ ဦး ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မနေ့ ဖေဖော်ဝါရီ ၃ ရက် နေ့လည် ၁ နာရီခွဲဝန်းကျင်မှာ ခန့်မှန်းချေ အသက် ၅ နှစ်ဝန်းကျင်အရွယ်ရှိတဲ့ ကလေးငယ် ၄ ဦးတို့ဟာ နမ့်ဖတ်ကာ ရပ်ကွက် ၃ ရှိ ကိုးကန့်တပ် MNDAA ရုံးအနီးမှာ လက်ပစ်ဗုံး ​ကောက်ရပြီး ဆော့ကစားရာကနေ ပေါက်ကွဲမှုဖြစ်သွားတာလို့ ဖြစ်စဥ်သိရှိသူ အမျိုးသားတစ်ဦးက ပြောပါတယ်။

“ကလေး ၄ ယောက်က MNDAA ရုံးနားမှာ လက်ပစ်ဗုံး ကောက်တွေ့မိတာ။ ကောက်တွေ့တော့ ဆော့ကြတာလေ​။ အဲဒါနဲ့ ပေါက်ကွဲပြီး ထိသွားတာလေ”

အဲဒီပေါက်ကွဲမှုကြောင့် ရန်ယုံချမ်းဆိုသူ သေဆုံးသွားပြီး ရန်ကျူးဝင့်၊ ရန်ယုံရှင်းနဲ့ ရန်ယုံအန်း ဆိုသူတို့ ထိမှန်ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ ဒဏ်ရာရတဲ့ ကလေးငယ် ၃ ဦးဟာ လောက်ကိုင်ပြည်သူ့ဆေးရုံမှာ ကုသမှုခံယူနေတယ်လို့ ဆိုပါတယ်။

အလားတူ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂ ရက် ညနေ ၅ နာရီဝန်းကျင်ကလည်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာ မနောင်ယန် ရပ်ကွက် ၅ မှာ စစ်ကျန်လက်နက်ကျည် ကောက်ယူဖြုတ်ရာကနေ ပေါက်ကွဲပြီး ဒေသခံ အမျိုးသား ၂ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။