ဓာတ်ပုံ – AA (ပုံဟောင်း)

ရွှေဖီမြေ၊ ဇန်နဝါရီ ၂၁ ရက်

အာရက္ခတပ်တပ်တော် – AA ထိန်းချုပ်မြို့နယ်အတွင်းရှိ စစ်သုံ့ပန်းထိန်းသိမ်းထားတဲ့ နေရာတွေကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံး ၄ လုံးကြဲချခဲ့တာကြောင့် ဗုံးကြဲခံရတဲ့နေရာအနီးမှာရှိတဲ့ စစ်သုံ့ပန်းတွေနဲ့ တပ်ဖွဲ့မိသားစုဝင်တချို့ ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်လို့ AA က ထုတ်ပြန်ခဲ့ပါတယ်။

ဖြစ်စဥ်က မနေ့ ဇန်နဝါရီ ၂၀ ရက် ည ၇ နာရီခွဲဝန်းကျင်မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ ၂ စီးနဲ့ ကျောက်တော်မြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်တို့ရဲ့ နယ်စပ်မှာရှိတဲ့ ချောင်းတူ (ဆောင်းဒုံ) ကျေးရွာ အနောက်ဘက်ကို ဗုံး ၄ လုံးကြဲချခဲ့တာ ဖြစ်ပါတယ်။

အဲဒီဗုံးကြဲချတိုက်ခိုက်မှုကြောင့် အနီးအနားမှာရှိတဲ့ စစ်သုံ့ပန်းတချို့နဲ့ သူတို့ရဲ့ မိသားစုဝင်တွေ ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီဗုံးကြဲတိုက်ခိုက်လို့ သေဆုံးသွားတဲ့ စစ်သုံ့ပန်းတွေဟာ မကြာခင်မှာ AA က ပြန်လွှတ်ပေးမယ့် စစ်ကောင်စီတပ်သားတွေသာ ဖြစ်တယ်လို့ ဆိုပါတယ်၊

သေဆုံးသွားတဲ့ စစ်သုံ့ပန်းတွေနဲ့ မိသားစုဝင်တွေရဲ့ စာရင်းကို ချက်ချင်းထုတ်ပြန်တာမရှိပေမဲ့ တိုက်ခိုက်မှုရဲ့ နောက်ဆက်တွဲကို ဆက်လက်ဖော်ပြသွားမယ်လို့ ဆိုပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။