ပို့လဘား၊ ဇန်နဝါရီ ၃၁ ရက်၊ ဖားဆောင်း
ကရင်နီပြည်နယ် ဖားဆောင်းမြို့နယ် မော်ချီးဒေသကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံ ၁ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မနေ့ ဇန်နဝါရီလ ၃၀ ရက် ညနေ ၄ နာရီဝန်းကျင်မှာ မော်ချီးဒေသရှိ ခဲလုပ်ကွက်နေရာတစ်ခုကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
“ခဲတွင်း တည့်တည့်ကြဲတာဗျ။ ပြည်သူ တစ်ယောက်သေပြီး ငါးယောက်ထိခိုက်ဒဏ်ရာရတယ်။ ထိတဲ့သူတွေအကုန်လုံးက အမျိုးသားတွေပဲ။ စက်သေနတ်နဲ့ပါ သူတို့ပစ်တာ”
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၁ ရက်မှာလည်း မော်ချီးဒေသမှာရှိတဲ့ ကေဒီခဲလုပ်ကွက်ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၅ ဦး သေဆုံးခဲ့ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဩဂုတ်လ ၂၀ ရက်ကလည်း မော်ချီးဒေသ လိုခါးလိုရွာကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ၁ ဦး သေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။