ပို့လဘား၊ မတ်လ ၁၀ ရက်၊ ထီးလင်း
မကွေးတိုင်း ထီးလင်းမြို့နယ်ထဲ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံ ၂ ဦး သေဆုံးခဲ့ပြီး ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ယောအလင်းတန်း ကိုအောင်ကြီးက ရွှေဖီမြေကို ပြောပါတယ်။
ဒီနေ့ မတ်လ ၁၀ ရက် နေ့လယ် ၁ နာရီခွဲမှာ ထီးလင်းမြို့နယ် အရှေ့ခြမ်းရှိ မြောင်းကြီးရွာကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။
ကိုအောင်ကြီးက “နှစ်ယောက် သေဆုံးတယ်။ အမျိုးသားတစ်ယောက်က ခေါင်းပြတ်ပြီး ပွဲချင်းသေဆုံးခဲ့တယ်ပေါ့နော်။ သူ့ရဲ့ခေါင်းတောင်မှ ရှာလို့မရတော့ဘူး။ အမျိုးသမီးလည်း ဒဏ်ရာရရှိပြီး အဲမှာပဲ သေဆုံးသွားခဲ့တယ်” လို့ ပြောပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦးနဲ့ ၂၂ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့တာဖြစ်ပြီး နေအိမ် ၂ လုံးနဲ့အဆောက်အဦး ၃ လုံးထက်မနည်းလည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၀ ရက်ကလည်း စစ်တပ်က ဆောမြို့နယ် လယ်ကြီးအိုင့်ရွာကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတစ်ဦး သေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။