ပို့လဘား၊ ဇန်နဝါရီ ၂၉ ရက်၊ ပခုက္ကူ

မကွေးတိုင်း မြိုင်မြို့နယ်နဲ့ ပခုက္ကူမြို့နယ်အစပ်မှာရှိတဲ့ စစ်ရှောင်တွေ နေထိုင်တဲ့ တဲနဲ့ တော်လှန်ရေးတပ်ရဲ့ ကျောက်တိုင်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မနေ့ ဇန်နဝါရီလ ၂၈ ရက် မနက် ၇ နာရီခွဲမှာ သစ်ပုလွေကုန်းရွာကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းက သစ်ပုလွေကုန်းရွာနဲ့ သာစည်ကျေးရွာအကြားမှာရှိတဲ့ တွင်းမကျေးရွာက စစ်ရှောင်တွေနေထိုင်တဲ့ တောတိုက်တဲတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

“နေအိမ်မီးရှို့တဲ့ အဖွဲ့တွေ သူတို့ရဲ့ မိခင်တပ်ရင်းက တပ်မ ၈၈ နဲ့ ၉၉ လက်အောက်က တပ်ရင်းတွေဖြစ်တယ်လို့ သိရတယ်။ ဒီလဆန်းပိုင်းကတည်းက မြိုင်နဲ့ ပခုက္ကူမြို့နယ်ကို လည့်ပတ် စစ်ကြောင်းထိုးပြီး နေအိမ်‌တွေကို လိုက်မီးရှို့နေတာ သိရတယ်။ ၂၇ ရက်မှာလည်း တွင်းမရဲ့ ၆ မိုင်လောက်ကွာဝေးတဲ့ သစ်ပလွေကုန်းဘက်ကို စစ်ကြောင်းထိုးဝင်ရောက်ပြီးတော့ ‌ပြည်သူတွေရဲ့ နေအိမ်တွေ ကောက်ပဲသီးနှံတွေ ဖျက်ဆီးတာရှိတယ်။ ပစ္စည်းတွေကို ရှာဖွေမွှေနှောက်တာတွေ ရှိတယ်” လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းကြောင့် မြိုင်မြို့နယ်ထဲက သာစည်ကျေးရွာ၊ နှမ်းဆီကန်၊ မြေရင့်ကျေးရွာနဲ့ ပခုက္ကူမြို့နယ်ထဲက သစ်ပ‌လွေကုန်းကျေးရွာနဲ့ သံဘိုကျေးရွာတို့က ဒေသခံ ၄ ထောင်ကျော် ဘေးလွတ်ရာနေရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်နဲ့ ၁၆ ရက်မှာလည်း စစ်ကောင်စီတပ်က အင်အား ၂၅၀ ကျော်နဲ့ နှောပင်ကျေးရွာဘက်ကို ဝင်ရောက်စီးနင်းပြီး အိမ်ခြေ (၅၀) ထက်မနည်း မီးရိူ့ခဲ့ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။