ရွှေဖီမြေ၊ မတ်လ ၁၃ ရက်၊ ညောင်လေးပင်
ပဲခူးတိုင်း ညောင်လေးပင်မြို့နယ်ထဲ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ၆ နှစ်အရွယ် ကလေး ၂ ဦးအပါအဝင် ၆ ဦး သေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး- KNU က ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၁ ရက် ၁ နာရီဝန်းကျင်မှာ ညောင်လေးပင်မြို့နယ် အောပလား (အင်းဗလာ)ရွာကို စစ်တပ်က စက်တပ်လေထီးနဲ့ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ အရပ်သား ၄ ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၄၃ နှစ်အရွယ် မေသွယ်လင်း၊ ၄၅ နှစ်အရွယ် ဒေါ်မှုကီကီ၊ ၄၀ အရွယ် ဒေါ်မကူ၊ ၂၈ အရွယ် ဂျာရီး၊ ၆ နှစ်အရွယ် ၂ ဦးဖြစ်တဲ့ ဂေလယ်ဒါးနဲ့ မနိုစင်လင်းတို့ သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် နေအိမ် ၁ လုံး ထိမှန်ပျက်စီးခဲ့ပြီး နွား ၂ ကောင်လည်း ထပ်မံ သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၀ ရက် နေ့လယ် ၁၂ နာရီကျော်မှာလည်း စစ်တပ်က KNU ထိန်းချုပ်ထားတဲ့ တနင်္သာရီတိုင်း မြိတ်ထားဝယ်ခရိုင် လယ်မူလားမြို့နယ် တကူရွာကို ဂျက်ဖိုက်ဝာာနဲ့ ပေါင် ၂၅၀ ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ကလေး ၁ ဦးအပါအဝင် ၄ ဦး သေဆုံးပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။