ဓာတ်ပုံ – Local

မြတ်နိုး၊ ဇန်နဝါရီ ၂၅ ရက်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့မှာ ဒီနေ့ ဇန်နဝါရီလ ၂၅ ရက်မှာ ပြုလုပ်တဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ အပိုင်း ၃ အတွင်း မြို့ပေါ်က မဲရုံတွေ ပိတ်လိုက်ရတဲ့ အနေအထားရှိခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ဖြစ်စဉ်မှာ နှစ်ဖက်တပ်တွေ လက်နက်ကြီး ပစ်ခတ်မှုတွေ ရှိနေပြီး ဒီနေ့ ဇန်နဝါရီလ ၂၅ ရက် မနက်ပိုင်း ဆိုင်းတောင် ရပ်ကွက် ၃ မှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင့် အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦး ဒူးမှာ လက်နက်ကြီးစ ထိမှန်ခဲ့သလို အသက် ၄၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးလည်း ဘယ်ဘက်လက်မောင်း လက်နက်ကြီးစ ထိမှန်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ဖားကန့်မြို့ပေါ်မှာတော့ လုံးဝကို လူအသွားအလာ မရှိသလို တိတ်ဆိတ်ပြီးတော့ အားလုံး မဲရုံလည်း မဖွင့်နိုင်သလို မဲပေးမယ့် လူလည်း မရှိတဲ့ အနေအထားတော့ ဖြစ်နေတယ်” လို့ ပြောပါတယ်။

မနေ့ ဇန်နဝါရီလ ၂၄ ရက် ညကတည်းကနေစပြီး ပစ်ခတ်မှုတွေ၊ မြို့ထဲကို လက်နက်ကြီး ကျတာတွေ ရှိနေပြီး ဖားကန့်မြို့ထဲ စစ်ကောင်စီရဲ့ ဗျူဟာကုန်းကနေ ပြန်ပစ်တဲ့ အသံတွေ ညံနေတယ်လို့ သူက ပြောပါတယ်။

နှစ်ဖက်ပစ်ခတ်မှုတွေအတွင်း မဲရုံတာဝန်ကျသူတွေပါ လုံခြုံရာမှာ နေရတဲ့ အနေအထားဖြစ်နေပြီး ဒီနေ့ ဇန်နဝါရီလ ၂၅ ရက်မှာ နှစ်ဖက်ပစ်ခတ်မှုအကြား ဒေသခံ ၉ ဦး အထိ ထိခိုက်ဒဏ်ရာရရှိထားတယ်လို့ သိရကြောင်း သူက ပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ ဖားကန့်မြို့ပေါ်က ရပ်ကွက် ၅ ခုမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ ဇန်နဝါရီ ၂၃ ရက်နေ့ကစ မြို့အဝင်အထွက်ကို ပိတ်ပြီး လော့ဒေါင်းချထားလိုက်တာ ဖြစ်ပါတယ်။

ဖားကန့်မြို့နယ်အတွင်းက စစ်ကောင်စီတပ်တွေ ထိန်းချုပ်ထားတဲ့ ကာမိုင်းမြို့နယ်ခွဲ၊ ကပ်မှော်ဇွပ်၊ နန့်ယား စတဲ့နေရာတွေမှာတော့ ရွေးကောက်ပွဲ ကျင်းပနိုင်လိမ့်မယ်လို့ ဆိုပါတယ်။

စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ ဖားကန့်မြို့နယ် လုံးခင်း၊ နမ့်ဖဖြစ်၊ ဆိပ်မူ၊ ဟောင်ပါး၊ ဂေါရီ၊ နန့်စီအင်၊ ကထန်ယန်နဲ့ ကပ်မှော်ဇွပ် ကျေးရွာအုပ်စုတွေကို ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း သိရပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။