ရွှေဖီမြေ၊ ဇန်နဝါရီ ၁၈ ရက်
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် တစ်နှစ်အတွင်း မြန်မာတစ်နိုင်ငံလုံးရှိ အမျိုးသမီး ၈၀၀ နီးပါးကို စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့ကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ BWU ရဲ့ စာရင်းအရ သိရပါတယ်။
စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်ခံရတာ၊ လက်နက်ကြီးပစ်တာ၊ သတ်ဖြတ်ခံရတာ၊ မြေမြှုပ်မိုင်း၊ မီးရှို့တာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတာ၊ ဆေးဝါးကုသလို့မရတာနဲ့ ကျည်ထိတာ စတာတွေကြောင့် အမျိုးသမီး ၇၉၂ ဦး သေဆုံးခဲ့တာလို့ ဆိုပါတယ်။
သေဆုံးသူတွေအပြင် ဒဏ်ရာရသူလည်း ၈၁၅ ဦး ရှိပြီး သေဆုံးသူနဲ့ ဒဏ်ရာရသူ အများဆုံးဟာ စစ်ကိုင်းတိုင်းထဲက ဖြစ်တယ်လို့ ဆိုပါတယ်။
ပထမ အများဆုံးဟာ စစ်ကိုင်းတိုင်းထဲကဖြစ်ပြီး ဒုတိယအများဆုံးဟာ မန္တလေးတိုင်းနဲ့ တတိယအများဆုံးဟာ ရခိုင်ပြည်နယ်က ဖြစ်တယ်လို့ သိရပါတယ်။
ကျူးလွန်သူ စစ်ကောင်စီတပ်ကို ပြစ်ဒဏ်ကင်းလွတ်ခွင့် မရအောင်၊ အဆုံးသတ်နိုင်အောင်နဲ့ ရှင်သန်လွတ်မြောက်လာသူတွေအတွက် တရားမျှတမှုနဲ့ ကုစားမှုတွေကို အာမခံချက်ပေးဖို့အပြင် ဆိုးရွားလှတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ရပ်တန့်ဖို့ BWU က အာဆီယံနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်တွန်း တောင်းဆိုထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။