ရွှေဖီမြေ၊ မတ်လ ၁၀ ရက်၊ လယ်မူလား
ကရင်အမျိုးသားအစည်းအရုံး- KNU ထိန်းချုပ်ထားတဲ့ တနင်္သာရီတိုင်း မြိတ်ထားဝယ်ခရိုင် လယ်မူလားမြို့နယ် တကူရွာကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်လို့ ကလေး ၁ ဦးအပါအဝင် ၄ ဦး သေဆုံးပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
ဒီနေ့ မတ်လ ၁၀ ရက် နေ့လယ် ၁၂ နာရီကျော်မှာ ဂျက်ဖိုက်ဝာာနဲ့ ပေါင် ၂၅၀ ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။
မနေ့ မတ်လ ၉ ရက် နေ့လယ် ၁၂ နာရီခွဲမှာလည်း လယ်မူလားမြို့နယ် တဖီလေးခိုရွာကို ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ကလေး ၃ ဦးအပါအဝင် ၆ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၃ ရက်ကလည်း ထားဝယ်ခရိုင် ကစယ်ဒိုမြို့နယ် စုံစင်ဖျားရွာကို ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး ၁ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၁ ဦး သေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
စစ်တပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းကြောင့် KNU ထိန်းချုပ်ဒေသမှာ အရပ်သား ထိခိုက်သေဆုံးတာတွေ နေ့စဉ်နီးပါး ရှိနေပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။