မိုင်းရူပ၊ ဒီဇင်ဘာ ၂၂ ရက်၊ မိုးကုတ်

မန္တလေးတိုင်း မိုးကုတ်မြို့ထဲကို စစ်ကောင်စီတပ် ပြန်ဝင်ရောက်လာပြီး ရက်ပိုင်းအကြာမှာ ဖမ်းဆီးခံခဲ့ရတဲ့ ပိန်းပြစ်လီဆူရွာက လီဆူလူမျိုး အမျိုးသား ၃ ဦး ပြန်လွှတ်လာပြီလို့ သိရပါတယ်။

သူတို့ ၃ ဦးကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၉ ရက်မှာ ပြန်လွှတ်ပေးခဲ့တာဖြစ်တယ်လို့ ဖြစ်စဉ်သိသူ မိုးကုတ်ဒေသခံ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“စကစ ဖမ်းထားတဲ့ လီဆူ ၃ ယောက် ပြန်လွှတ်လာပြီ။ ဖမ်းခံရတဲ့အချိန် ရိုက်ခံထားရတယ်” လို့ ဆိုပါတယ်။

မိုးကုတ်မြို့အနီးက ပိန်းပြစ်လီဆူရွာခံဖြစ်တဲ့ ဦးသိန်းလေး၊ ဦးဆီးမီး၊ မောင်ဇီဆီးတို့ ၃ ဦးကို စစ်ကောင်စီတပ်က မိုးကုတ်မြို့အဝင် ၅ မိုင်ဂိတ်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ ရက်မှာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ မိုးကုတ်မြို့အဝင်အထွက်ကို စစ်ကောင်စီက ဖြတ်သန်းသွားလာခွင့်ပြုထားပြီး စစ်ဆေးမှုတွေတော့ တင်းကြပ်ထားတယ်လို့ ၎င်းက ဆက်ပြောပါတယ်။

လက်ရှိမှာ မိုးကုတ်မြို့က မြို့ခံအနည်းစုလောက်သာ နေရပ်ပြန်လာကြသေးပြီး ဒီရက်ပိုင်းအတွင်း မြို့ပြင်မှာ ပစ်ခတ်သံတွေ မကြားရပဲ ငြိမ်သက်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ တရုတ်နိုင်ငံရဲ့ ကြားဝင်မှုနဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၉ နဲ့ ၃၀ ရက်မှာ တအာင်းတပ်မတော် TNLA ထိန်းချုပ်ခဲ့တဲ့ မိုးမိတ်နဲ့ မိုးကုတ်မြို့ထဲကို ဝင်ရောက်လာတာ ဖြစ်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။