ရဲမာန်၊ ဒီဇင်ဘာ ၂၄ ရက်၊ ဘီလင်း
မွန်ပြည်နယ် ဘီလင်းမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သား ၂ ဦးသေဆုံးခဲ့တယ် ဒေသခံအမျိုးသမီးတစ်ဦးက ရွှေဖီမြေကိုပြောပါတယ်။
ဒီနေ့ ဒီဇင်ဘာ ၂ ၄ ရက် နေ့လည် ၁၂ နာရီဝန်းကျင်မှာ ဘီလင်းမြို့အခြေစိုက် ခြေမြန်တပ်ရင်း ၃ က လက်နက်ကြီး ၂ လုံးပစ်ခတ်ခဲ့တာကြောင့် အရပ်သား ၂ ဦးသေဆုံးခဲ့တဲ့အပြင် ၁ ဦးလည်း ထိခိုက်ဒဏ်ရာရှိခဲ့ပါတယ်။
“ခတ္တာဘုန်းကြီးကျောင်းမှာ ကျရောက်ပေါက်ကွဲတာ။ အဲ့မှာ တရားစခန်းဖွင့်ထားတာ။ အဲ့မှာရေမန်းသွားလုပ်တဲ့ ဒကာတွေထိတာပေါ့။ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးသေတယ်။ ခေတ္တာဘုန်းကြီးကျောင်းက သပြေနီနဲ့ အလူးကြီးရွာကြားမှာရှိတာ”
ပြီးခဲ့တဲ့ ဇူလိုင် ၂၇ ရက်မှာ ဘီလင်းအခြေစိုက် ခမရ ၈ ကနေ အလူးကြီးရွာကို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် အသက် ၁၅ နှစ်အရွယ် နော်ခင်နန်းမွေး သေဆုံးခဲ့ရတယ်လို့ ၎င်းကပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက် နေ့လယ် ၂ နာရဖီဝန်းကျင်မှာ စစ်ကောင်စီတပ်က ဖိုးဝသိမ်းရွာကို မဝင်ရောက်ခင် လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် အရပ်သား ၂ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဖိုးဝသိမ်းရွာ ဝင်ရောက်ပြီးနောက်လည်း ဖိုးဝသိမ်းဒေသခံ ၃ ဦးကို ထပ်မံဖမ်းစီး သတ်ဖြတ်ခဲ့တဲ့ ဖြစ်ပွားခဲ့တဲ့လို့ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။