ဓာတ်ပုံ – WIN

လွေးဇွန်မိုး၊ ဇန်နဝါရီ ၇ ရက်၊ စဥ့်ကူး

မန္တလေးတိုင်း စဉ့်ကူးမြို့နယ် အနောက်တောင်ခြမ်းမှာ စစ်ကောင်စီတပ်မှ မြစ်ထဲက ကျောက်ဆူးချရပ်ထားတဲ့ ဒေသခံတွေရဲ့ သံခွန်ပေါ်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အသက် ၃၀ အရွယ် ဒေသခံအမျိုးသား ၁ ဦး သေဆုံးပြီး ဒေသခံ ၅ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

မနေ့ ဇန်နဝါရီ ၆ ရက် နေ့လည် ၁၂ နာရီဝန်းကျင်မှာ စဉ့်ကူး အနောက်တောင်ခြမ်း သဲအင်းရွာနဲ့ ကြက်တူရွေးရွာမှာ ရောက်ရှိနေတဲ့ စစ်ကောင်စီတပ်က ၄ လက်ဒရုန်း ၁ စီးနဲ့ မြစ်လယ်မှာ ကျောက်ဆူးချရပ်ထားတဲ့ ဒေသခံတွေရဲ့ သံခွန်ပေါ်ကို ၈၁ mm ဗုံးသီးကြဲချခဲ့တာဖြစ်တယ်လို့ Wetlet Informational Network တာဝန်ခံ ၁ ဦးက ပြောပါတယ်။

“သူတို့ကြဲတဲ့အချိန်မှာ သံခွန်အနောက်ခြမ်းကိုကျပြီးမှ သံခွန်တစ်စီးက မြှုပ်သွားတယ်။ မြှုပ်သလောက်ဖြစ်သွားတယ်ပေါ့နော်။ နောက်ပြီးတော့ ပြည်သူ သေဆုံးတစ်ဦးရယ် ဒဏ်ရာရ ၅ ဦးရှိတယ်လို့ သိရတယ်။ သံခွန်က ဒီမန္တလေးကနေ အထက်ပိုင်းကိုပြေးနေတဲ့ သံခွန် အဲလိုပုံစံမျိုး သံခွန်ကြီးပဲဗျာ”

အလားတူ မနေ့ ဇန်နဝါရီ ၆ ရက် မနက် ၁၀ နာရီဝန်းကျင်မှာလည်း စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ရေသောက်ကန်ရွာနဲ့ ပေါက်ကန်ရွာကို စစ်ကောင်စီက ဂျက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၄ ဦး သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇန်နဝါရီ ၅ ရက် ည ၈ နာရီခွဲဝန်းကျင်မှာလည်း ခင်ဦးမြို့နယ် ကုန်းကြီးရွာက စစ်ရှောင်တွေနေထိုင်တဲ့ စစ်ရှောင်စခန်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သေဆုံးသူ ၃ ဦးနဲ့ ဒဏ်ရာရသူ ၁၀ ဦးထက်မနည်း ရှိခဲ့ပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်နှစ်ဆန်းပိုင်းကစပြီး မန္တလေး PDF နဲ့ တော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့ စဥ့်ကူး၊ သပိတ်ကျင်းနဲ့ မတ္တရာမြို့နယ်တွေကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဇူလိုင် ၂၃ ရက်မှာ သပိတ်ကျင်းမြို့နဲ့ နိုင်ဝင်ဘာလမှာ မတ္တရာမြို့နယ်ကို ပြန်ထိန်းချုပ်ခဲ့ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။