ရွှေဖီမြေ၊ ဖေဖော်ဝါရီ ၂၈ ရက်
အမျိုးသားညီညွတ်ရေးအစိုးရ- NUG က နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု- SRA တပ်ဖွဲ့ဝင် ခေါင်းဆောင်အားလုံးနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ NUG က မနေ့ ဖေဖော်ဝါရီ ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။
ဆွေးနွေးပွဲကို Zoom ပလက်ဖောင်းကနေ ပြုလုပ်ခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန- MOD ရဲ့ ဒေသအခြေပြု ကာကွယ်ရေးတပ်ဖွဲ့များဆိုင်ရာ မူဝါဒနဲ့ပက်သက်ပြီး ရှင်းလင်းဆွေးနွေးခဲ့ကြတယ်လို့ အဓိက ဖော်ပြထားပါတယ်။
NUG ဖက်က ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ဝန်ကြီး ဒေါက်တာ ဇော်ဝေစိုး၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်၊ စီမံကိန်း ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်တို့ တက်ရောက်ခဲ့ကြပြီး SRA ဘက်ကလည်း ခေါင်းဆောင်စုံစုံလင်လင် တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
SRA ဟာ မြန်မာနိုင်ငံ နေရာအနှံ့မှာ လှုပ်ရှားလျက်ရှိတဲ့ နွေဦးတော်လှန်ရေးတပ်ဖွဲ့ ၁၉ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ မဟာမိတ်တပ်ပေါင်းစုအဖွဲ့ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။