ဝတ်ရည်၊ ဖေဖော်ဝါရီ ၄ ရက်၊ ဖားကန့်

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကချင်ပြည်နယ် ဖားကန့်မြို့မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးဆက်တိုက်ကြဲချတိုက်ခိုက်နေတာကြောင့် ဒေသခံတွေ ထိခိုက်မှုရှိတယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ ဒီနေ့ ဖေဖော်ဝါရီ ၄ ရက် မနက် ၈ နာရီခွဲဝန်းကျင်ကနေ နေ့လယ် ၂ နာရီဝန်းကျင်အထိ လေကြောင်းကနေ ၃ ကြိမ် စစ်ကောင်စီတပ်က Y12 နဲ့ ဗုံးအလုံးရေ ၂၀ ထက်မနည်း ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

“မနက် ၈ နာရီခွဲမှာ တစ်ကြိမ်ကြဲတယ်။ မရှီကထောင်တကျော့ဘက်မှာ ဆက်တိုက်ကြဲသွားတယ်။ ကျေးရွာတွေမှာလည်း ကျတယ်။ ထိခိုက်မှုတွေလည်း ရှိပါတယ်ဗျ။ လက်ရှိအချိန်ထိတော့ ဒေသခံ ၅ ယောက်လောက် ဒဏ်ရာရတယ်လို့တော့ လောလောဆယ်သိထားပါတယ်”

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၄ ရက်ကနေ ဒီနေ့ ဖေဖော်ဝါရီ ၄ ရက်အထိ တိုက်ပွဲတွေ ပြင်းထန်နေပြီး ဒေသခံ ထိခိုက်သေဆုံးမှုတွေလည်း နေ့စဉ်ရက်ဆက်ရှိနေတယ်လို့ ဆိုပါတယ်။

ရွှေဖီမြေက ပြုစုထားတဲ့စာရင်းတွေအရ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ ဒီနေ့ ဖေဖော်ဝါရီ ၄ ရက်အထိ တိုက်ပွဲကာလအတွင်းမှာ ဒေသခံ ၂ ဦး သေဆုံးခဲ့ပြီး အသက် ၂ နှစ်အရွယ် ကလေးငယ်အပါအဝင် ၂၀ ဦးထက်မနည်း ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။

တိုက်ပွဲတွေ တကျော့ပြန်လည်ပြင်းထန်နေတာကြောင့် ဖားကန့်က ဒေသခံအများစုဟာ စစ်ဘေးရှောင်ကြရန် ပြင်ဆင်နေကြရတယ်လို့ ဆိုပါတယ်။

ဖားကန့်မှာ စစ်တပ်က နေ့စဉ်လိုလို လက်နက်ကြီးနဲ့ ဒရုန်း အသုံးပြုကာ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ဒေသခံ ထိခိုက်သေဆုံးမှုလည်း တိုးလာနေပြီး လက်ရှိမှာတော့ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်အကြားလည်း စစ်ရေး တင်းမာနေဆဲ ဖြစ်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။