ဓာတ်ပုံ – PNLA, PNO

မိုင်းရူပ၊ ဇန်နဝါရီ ၈ ရက်၊ မောက်မယ်

စစ်ကောင်စီတပ်နဲ့ ၎င်းရဲ့ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO/PNA တပ်တွေရဲ့ ထိုးစစ်ကြောင့် ရှမ်းတောင် မောက်မယ်မြို့နယ်ထဲမှာ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PNLA နဲ့ တိုက်ပွဲဖြစ်ပွားနေတယ်လို့ PNLA က ပြောပါတယ်။

ဒီဇန်နဝါရီလ အစပိုင်းကစပြီး PNLA ထိန်းချုပ်ထားတဲ့ မောက်မယ်မြို့နယ် ဟိုနမ့်နဲ့ ကဒူကြီးဒေသတွေမှာ တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး ဒီနေ့ ဇန်နဝါရီ ၈ ရက်အထိလည်း တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ ဆိုပါတယ်။

“ကျနော်တို့က တောထဲမှာပဲ နေပါတယ်။ ကျနော်တို့ နေတဲ့ တောတောင်တွေထဲအထိ ထိုးစစ်မလုပ်ဘူးဆိုရင် တိုက်ပွဲဖြစ်စရာအကြောင်း မရှိပါဘူး။ တိုက်ပွဲကတော့ ဒီနေ့အထိ ဖြစ်နေပါတယ်” လို့ PNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုခွန်ရိန်းယံက ရွှေဖီမြေကို ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်နဲ့ PNO ရဲ့ လူသားဒိုင်းအဖြစ် အသုံးပြုခံရတဲ့ အရပ်သား ၂ ဦးကို PNLA ဘက်က ကယ်ထုတ်နိုင်ခဲ့တယ်လို့ ခွန်ရိန်းယံက ဆက်ပြောပြပါတယ်။

ဒါ့အပြင် တိုက်ပွဲအတွင်း စစ်ကောင်စီနဲ့ PNO ဘက်က ၂၀ ကျော် သေဆုံးကြောင်း PNLA က ထုတ်ပြန်ထားပြီး ရွှေဖီမြေကတော့ သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းကတည်းက ရှမ်းတောင် ဟိုပုံးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ PNLA တပ်တွေအကြား တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး PNLA က ရှမ်းတောင် ဆီဆိုင်မြို့ကို ထိန်းချုပ်နိုင်ခဲ့ပေမယ့် ၂၀၂၄ ခုနှစ် ဧပြီလထဲမှာ စစ်ကောင်စီလက်အောက် ပြန်ရောက်သွားပါတယ်။

PNLA ထဲမှာ စစ်ကောင်စီကို တိုက်ခိုက်မယ့်အဖွဲ့နဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA လမ်းကြောင်းအတိုင်း ဆက်သွားမယ်ဆိုတဲ့ ဗိုလ်မှူးကြီး ခွန်ဥက္ကာ ဦးဆောင်တဲ့အဖွဲ့ ဆိုပြီး နှစ်ဖွဲ့ကွဲနေပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။