ရွှေဖီမြေ၊ ဇန်နဝါရီ ၁၄ ရက်၊ ပဲခူး
ပဲခူးတိုင်း ကျောက်တံခါးမြို့နယ်မှာ စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး နှစ်ဖက်လုံး ကျဆုံးမှုတွေရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ် အမှတ် (၂) စစ်ဆင်ရေးနယ်မြေက ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ ရက်မှာ ပဲနွယ်ကုန်းမြို့ ရန်ကုန် – မန္တလေးလမ်းဟောင်းအနီးရှိ ကြိမ်ခါးကုန်းကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ဗိုလ်မှူးအဆင့်ရှိသူ ၁ ဦးရဲ့ ရုပ်အလောင်းအပါအဝင် ၂၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အလားတူ တော်လှန်ရေးတပ်ဘက်ကလည်း ၂ ဦး ကျဆုံးတာနဲ့ ၃ ဦး ထိခိုက်ဒဏ်ရာရရှိပြီး စစ်ကောင်စီတပ်ဖွဲ့ထံမှ လက်နက်၊ ခဲယမ်းနဲ့ စစ်သုံးပစ္စည်းတချို့ကိုပါ သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အဆိုပါ ထိတွေ့တိုက်ပွဲကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ(၂၅) ကွပ်ကဲမှုအောက်ရှိ အမှတ်(၃၇၀၂) တပ်ရင်း၊ အထူးကွန်မန်ဒိုတပ်ရင်း (P-29914)၊ ဗျူဟာ (၂၆) ကွပ်ကဲမှုအောက်ရှိ အမှတ် (၃၇၀၃) တပ်ရင်း (Fire Dragon) နဲ့ တော်ဝင်ဒေါင်းတပ်ရင်း (P-29913) တို့က တိုက်ခိုက်ချေမှုန်းခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
လက်ရှိအချိန်မှာ အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်း စစ်ဌာနအတွင်း စစ်ရေးအခြေအနေတွေ ဆက်လက် ဆောင်ရွက်လျက်ရှိနေပြီး တိုက်ပွဲအနီးဝန်းကျင်ရှိ ဒေသခံပြည်သူနဲ့ ခရီးသွားပြည်သူတွေ ဘေးကင်းလုံခြုံရေး သတိပြု သွားလာကြပါရန် မေတ္တာရပ်ခံ အသိပေးထုတ်ပြန်ထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။