ဓာတ်ပုံ – မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို)

ရဲမာန်၊ ဒီဇင်ဘာ ၂၂ ရက်၊ အုတ်ဖို

ပဲခူးတိုင်း အုတ်ဖိုမြို့နယ်မှာ ပေါ်တာလာဆွဲတဲ့ စစ်ကောင်စီတပ်သားတွေကို ကြားဖြတ်တိုက်ခဲ့ရာ ဒု-ရဲအုပ် ဇော်ထွန်းဝင်းအပါအဝင် ၆ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၉ ရက် ည ၁၀ နာရီမှာ လွှစဉ်ကျေးရွာကနေ ပေါ်တာဆွဲဖို့ ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ရန်ကုန်-ပြည်ကားလမ်းပေါ်မှာပဲ ပိတ်ဆို့ခံရပြီး တိုက်ခိုက်ခံခဲ့ရတာဖြစ်တယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့ – အုတ်ဖိုက ထုတ်ပြန်ထားပါတယ်။

“သူတို့က ခြေမြန်တပ်ရင်း (ခမရ – ၆) နဲ့ အုတ်ဖိုရဲစခန်းကပါ။ ဆိုင်ကယ် ၅ စီး အင်အား ၁၀ ယောက်နဲ့ ထွက်လာတာပါ။ မျက်မြင်တော့ ၄ လောင်း။ ၂ ယောက်တော့ ဆေးရုံရောက်မှ သေ” လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့ – အုတ်ဖိုရဲ့ ရဲဘော် အောင်ဇေယျက ရွှေဖီမြေကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုဟာ ၅ မိနစ်ခန့်သာ ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ထံမှ G3 သေနတ် ၂ လက်၊ G3 ကျည် ၂၅ တောင့်နဲ့ ကျည်ဘောက် ၂ ခုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၇ ရက်မှာလည်း သဖန်းပင်ဆိပ်ရွာအနီး PDF ရဲဘော်တွေကို လူထုနဲ့ မှားကာ ပေါ်တာဆွဲဖို့ လုပ်ဆောင်ခဲ့တဲ့ အရာခံဗိုလ် လှကျော်နဲ့ တပ်ကြပ်ကြီး ညီညီမိုးတို့ကို နေရာမှာတင် ရှင်းလင်းခံခဲ့ရတယ်လို့ သိရပါတယ်။

မြေအောက်ပြောက်ကျားတပ်ဖွဲ့ – အုတ်ဖိုအနေနဲ့ စစ်ကောင်စီတပ်သာမက စစ်ကောင်စီထောက်တိုင်တွေကိုပါ တိုက်ထုတ်သွားမှာဖြစ်ပြီး လူထုတွေအနေနဲ့လည်း စစ်တပ်အနီး သွားလာနေထိုင်ခြင်း မပြုကြဖို့ကို အသိပေးချက် ထုတ်ပြန်ထားပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။