ဓာတ်ပုံ – CJ

အိုက်ပွီး၊ ဒီဇင်ဘာလ ၃၀ ရက်၊ ဖလမ်း

ချင်းပြည်နယ်၊ ဖလမ်းမြို့အနီးက Khuangli ရွာ တိုက်ပွဲမှာ တပ်ကြပ်ကြီးတစ်ဦးအပါအဝင် စစ်ကောင်စီ တပ်ဖွဲ့ဝင် (၃) ဦး သေဆုံးခဲ့ပြီး စစ်သုံ့ပန်း (၄) ဦး ဖမ်းဆီးရမိခဲ့တယ်လို့ ရှေ့တန်း စစ်ရေးသတင်းမြစ်က ရွှေဖီမြေသို့ ပြောပါတယ်။

မနေ့ ဒီဇင်ဘာလ ၂၉ ရက် ညနေ ၅ နာရီမှာ ဖလမ်းမြို့အနီး Khuangli ကျေးရွာမှာ နေရာရယူထားတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ချင်းကာကွယ်ရေး ပူးပေါင်းတပ်တွေက တိုက်ခိုက်စဥ် ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

“တိုက်ပွဲဖြစ်တာက ၁ နာရီလောက်ပဲ။ စစ်ကောင်စီဘက်က ၃ယောက် သေတယ်။ အရှင် ၄ ယောက် ဖမ်းမိထားတယ်။ လက်နက်၊ ခဲယမ်းတွေလည်း သိမ်းဆည်းရမိတာရှိတယ်။”လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်တစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီထံက လက်နက်ကြီး၊ လက်နက်ငယ် ၁၀ လက်နဲ့ ကျည်အိမ်၊ ကျည်ဆန်၊ ဆိုလာပြား တို့ကိုလည်း သိမ်းဆည်းရမိသလို Khuangli ရွာကိုလည်း ချင်းကာကွယ်ရေး ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားတယ်လို့ သိရပါတယ်။

လက်ရှိ ဖလမ်းမြို့နယ်က နေရာ ၃ ခုထက်မနည်းမှာ ချင်းတော်လှန်ရေးပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး လေကြောင်းတိုက်ခိုက်မှု နေ့စဥ်ရှိတယ်လို့ သိရပါတယ်။

“ဖလမ်းမှာ ထိတွေ့မှု နေ့တိုင်းရှိတယ်။ လေကြောင်းက တိုက်ပွဲပြင်းထန်တာ သူတို့ဘက်က အထိနာများတာ စစ်ကြောင်းတွေကို လမ်းရှင်းပေးတဲ့ချိန်မှာ တိုက်ခိုက်တာရှိတယ်။” လို့ ရှေ့တန်းစစ်ရေးသတင်းအရင်းမြစ်က ရွှေဖီမြေသို့ ပြောပါတယ်။

ဖလမ်းမြို့နယ်တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူ ထောင်နဲ့ချီဟာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။