ဓာတ်ပုံ – Google

ပျားကြီး၊ ဇန်နဝါရီ ၁၄၊ မန္တလေး

ရွှေဈေးနှုန်း အဆမတန်မြင့်တက်မှုတွေဟာ ၅ နှစ်အတွင်းမှာ ၆ ဆနီးပါးအထိ ရှိလာပြီး အရောင်းအဝယ်တွေလည်း ရပ်ဆိုင်းလုနီးပါးဖြစ်နေတယ်လို့ မန္တလေးအခြေစိုက် ရွှေလုပ်ငန်းရှင်တွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ အာဏာသိမ်းမှု စတင်လုပ်ဆောင်ခဲ့တဲ့ ၂၀၂၁ ခုနှစ်ကနေ ဒီကနေ့အထိ ရွှေဈေးနှုန်း မတည်ငြိမ်မှုတွေဟာ အဆိုးရွားဆုံး အခြေအနေမှာ ရှိနေတာဖြစ်ပါတယ်။

“ကမ္ဘာ့ရွှေဈေးတက်လို့ လိုက်တက်တယ်။ ကမ္ဘာ့ရွှေဈေး ကျရင်တော့ ပြန်မကျဘူး။ တင်းခံနေတယ်။ စစ်ကောင်စီကလည်း ဒါကို မကိုင်တွယ်နိုင်ဘူး။ ဈေးတက်ရင် လုပ်ငန်းရှင်တွေကို ဖမ်းတာဆီးတာမျိုးက ပြဿနာရဲ့ အဖြေမဟုတ်ဘူး။ အခုက လုပ်ငန်းရှင် အကြီးတွေရော အသေးတွေရော သတိထားနေရတာပေါ့။ အရောင်းအဝယ်တွေ မရှိသလောက်ဖြစ်သွားပြီ” လို့ မန္တလေးမြို့ခံ ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုမတိုင်ခင် ရက်ပိုင်းအလိုက ရွှေတစ်ကျပ်သားကို ငွေကျပ် ၁,၇၈၀,၀၀၀ ပဲရှိခဲ့ပေမဲ့ ဒီနေ့ ညနေ ၄ နာရီအချိန်က ရရှိခဲ့တဲ့ ဈေးနှုန်းကတော့ ၉,၈၉၀,၀၀၀ကျပ်အထိ ရှိလာခဲ့တာဖြစ်ပါတယ်။

လတ်တလောမှာ ကမ္ဘာ့ရွှေဈေးနှုန်းကလည်း တစ်အောင်စကို ဒေါ်လာ ၄၆၂၀ ကျော်အထိ စံချိန်တင် မြင့်တက်နေသေးတာကြောင့် ပြည်တွင်းရွှေဈေးနှုန်းတွေဟာ အတက်ဖက်ကို ပိုမိုဦးတည်နေသေးတယ်လို့ ရွှေလုပ်ငန်းရှင်တွေက ခန့်မှန်းတွက်ချက်ထားပါတယ်။

အခုလို ပြည်တွင်းရွှေဈေးနှုန်းတွေက မောက်ကမနဲ့ စံချိန်တင်မြင့်တက်နေပေမဲ့ စစ်ကောင်စီရဲ့ လက်ဝေခံအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း YGEA ကတော့ တစ်ကျပ်သားကို ငွေကျပ် သိန်း ၆၀ နှုန်းနဲ့ပဲ ရောင်းချဖို့ ဆက်လက်ထုတ်ပြန်နေသေးတာကို တွေ့ရပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေကစပြီး စစ်ကောင်စီဟာ ရွှေဈေးတက်မှုတွေကို ကိုင်တွယ်ရာမှာ ရွှေလုပ်ငန်းရှင်ကြီးတွေကို ဖမ်းဆီးခြိမ်းခြောက်အကြပ်ကိုင်တဲ့ နည်းလမ်းကိုပဲ ဆက်တိုက်ကျင့်သုံးခဲ့ပြီး လက်ရှိအချိန်ထိ မန္တလေးက ရွှေလုပ်ငန်းရှင် အတော်များများဟာ စစ်ကောင်စီဆီမှာ သတ်မှတ်ဈေးနှုန်းနဲ့ပဲ ရောင်းချပါမယ်ဆိုတဲ့ ခံဝန်ကတိကို ၃ လတစ်ကြိမ် သွားရောက်လက်မှတ်ထိုးနေရဆဲဖြစ်တယ်လို့ ရွှေလုပ်ငန်း လုပ်ကိုင်သူတွေက ဆိုပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

“ဝ” ပြည်မှာ အလုပ်လုပ်နေတဲ့ အလုပ်သမားတွေရဲ့ လုပ်အားခကို တရုတ်နှစ်သစ်ကူး မတိုင်ခင်အထိ အပြီးပေးရမယ်၊ လုပ်ငန်းရှင်တွေ ပျက်ကွက်မှုရှိရင် အလုပ်သမားတွေ တိုင်ကြားနိုင်

“ဝ”တပ်မတော် – UWSA ထိန်းချုပ်ထားတဲ့ နယ်မြေအတွင်းထဲမှာရှိတဲ့ လုပ်ငန်းရှင်တွေအနေနဲ့ အလုပ်သမားတွေရဲ့ လုပ်အားခကို တရုတ်နှစ်ကူးမတိုင်ခင်အထိ အကုန်လုံး ရှင်းပေးရမယ်လို့ “ဝ”တပ်ဘက်က ထုတ်ပြန်ထားပါတယ်။

ရွှေဈေးနှုန်း စံချိန်တင်မြင့်တက်နေ၊ မန္တလေးမှာ အရောင်းအဝယ်အားလုံး ရပ်လုနီးပါးဖြစ်

ရွှေဈေးနှုန်းတွေ စံချိန်တင် မြင့်တက်နေတာကြောင့် မန္တလေးဈေးကွက်အတွင်းမှာ အရောင်းအဝယ်အားလုံးနီးပါး ရပ်ဆိုင်းနေတယ်လို့ ရွှေလုပ်ငန်းရှင်တွေက ရွှေဖီမြေကို ပြောပါတယ်။

ကျောက်မဲ – မန္တလေးသွားတဲ့ ကုန်တင်ကားတွေကို ဂိတ်ပေါင်း ၁၂ ခုကျော်ရှိတဲ့ စစ်ကောင်စီတပ်နဲ့ ၎င်းတို့ လက်အောက်ခံ ရဲတွေက ငွေအဆမတန်တောင်းနေပြီး အသွားအပြန် ၁၀ သိန်းထက်မနည်း ကုန်ကျ

ရှမ်းမြောက် ကျောက်မဲကနေ မန္တလေးကို ဒေသထွက်ကုန် တင်ပို့တဲ့ ကုန်တင်ကားတွေကို စစ်ကောင်စီတပ်နဲ့ ၎င်းတို့ရဲ့လက်အောက်ခံ ရဲတွေက ငွေအဆမတန်တောင်းနေတယ်လို့ ကားသမားတွေဆီက သိရပါတယ်။

ရန်ကုန် ရွှေလုပ်ငန်းရှင်အသင်း ဥက္ကဌ၊ ဒုဥက္ကဌနဲ့ အတွင်းရေးမှူးကို ရွှေသိုလှောင်ရောင်းချမှုနဲ့ စစ်ကောင်စီက ဖမ်းဆီး

ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း YGEA ဥက္ကဌ၊ ဒုဥက္ကဌနဲ့ အတွင်းရေးမှူးတို့ကို ရွှေတုံးရွှေခဲတွေ အမြတ်တင်ရောင်းချဖို့ သိုလှောင်ထားမှုနဲ့ စစ်ကောင်စီကဖမ်းဆီးထားတယ်လို့ ရွှေလုပ်ငန်းရှင်တွေက ပြောပါတယ်။