ဓာတ်ပုံ- Local

ဝတ်မှုံ၊ မတ်လ ၄ ရက်၊ လားရှိုး

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် မူဆယ် လားရှိုးနဲ့ တအာင်းတပ်မတော် ထိန်းချုပ်ထားတဲ့ နမ့်ဆန်နဲ့နမ္မတူမြို့နယ်မှာရှိတဲ့ ပန့်ဆီဆိုင်အားလုံးနီးပါး ပိတ်လိုက်ပြီလို့ ဒေသခံတွေဆီက သိရပါတယ်။

လားရှိူးမြို့နယ်မှာ ဒီနေ့ မတ်လ ၄ ရက် မနက်အထိ လမ်းဘေးဆိုင်မှာ ဓာတ်ဆီ တစ်လီတာကို ၈ ထောင်ကျပ်နဲ့ ဝယ်ယူလို့ ရနေပေမဲ့ နေ့လယ် ၃ နာရီဝန်းကျင်ကစပြီး မြို့ထဲက ပန့်ဆီဆိုင်နဲ့ လမ်းဘေးဆိုင်အားလုံး ပိတ်လိုက်ပြီလို့ လားရှိုးဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

“အခုမှ ဆွဲပိတ်လိုက်တာ တံခါးတွေက။ သူတို့ကို လူကြီးတွေ လာပိတ်ခိုင်းလိုက်တာ။ အကုန်ဆွဲပိတ်လိုက်ပြီ တံခါးတွေ။ မနေ့ကတော့ လမ်းဘေးဆိုင်မှာ တစ်လီတာ ၈ ထောင်တောင် ရောက်တယ်”

အလားတူ မူဆယ်မြို့မှာလည်း ဒီနေ့မနက်အထိ ဓာတ်ဆီ တစ်လီတာကို ၅ ထောင်ကျပ်နဲ့ ရောင်းပေးနေပေမဲ့ နေ့လယ်မှာ ပန့်ဆီဆိုင်အားလုံး ပိတ်လိုက်ပြီလို့ မူဆယ်ဒေသခံတစ်ဦးက ပြောပါတယ်။

“အကုန်ပိတ်လိုက်ပြီ။ သူတို့ အခု အချိန်နဲ့ ရောင်းပေးမယ်ထင်တယ်။ မနက်တစ်ခါ ညနေတစ်ခါ ရောင်းပေးမယ်ထင်တယ်။ လူကြီးကားနဲ့ ဝန်ထမ်းတွေဆိုရင်တော့ ဖြည့်ပေးတယ်။ ပြည်သူဆိုရင်တော့ မရောင်းတော့ဘူး။ လမ်းဘေးက ဗူးနဲ့ရောင်းတဲ့ ဆိုင်တွေတော့ ကြိုကြား ကြိုကြား ရှိပါသေးတယ်”

တအာင်းတပ်မတော် ထိန်းချုပ်ထားတဲ့ နမ္မတူမြို့နယ်မှာလည်း ဒီနေ့ မတ်လ ၄ ရက် မနက်စောပိုင်းအထိ ဓာတ်ဆီ တစ်လီတာကို ၅,၅၀၀ ကျပ် ရောင်းရာကနေ မနက် ၁၁ နာရီဝန်းကျင်မှာ ဆိုင်အားလုံး ပိတ်သွားပြီး ဝယ်ယူလို့မရတော့ကြောင်း ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

“မရတော့ဘူး။ လားရှိုးဘက်သွားတဲ့လမ်းက နှစ်ဆိုင်လုံး ပိတ်ထားတယ်။ လမ်းဘေးဆိုင်ရော ပိတ်တယ်”

မန်တုံ၊ နမ့်ခမ်းနဲ့ ကွတ်ခိုင်မြို့နယ်မှာတော့ ဆီဆိုင်တချို့ ဖွင့်လှစ်နေပေမဲ့ အလှည့်ကျ တန်းစီနေရပြီး လိုသလောက် ဝယ်ယူလို့မရတော့ကြောင်း ဒေသခံတွေက ပြောပါတယ်။

အလားတူ မနေ့ မတ်လ ၃ ရက်ကစပြီး ရှမ်းအရှေ့နဲ့ ရှမ်းတောင်က မြို့နယ်အများစုမှာလည်း ဓာတ်ဆီနဲ့ဒီဇယ်ကို ဆီဆိုင်တွေက အကန့်အသတ်နဲ့သာ ရောင်းချကြပြီး ဒေသခံတွေကလည်း ဆီပြတ်လပ်မှာကို စိုးရိမ်တာကြောင့် အလုအယက် ဝယ်ယူနေကြတာကို တွေ့နေရပါတယ်။

မြန်မာနိုင်ငံအတွက် အရန်သိုလှောင်ထားတဲ့ စက်သုံးဆီ ရက် ၄၀ စာ ကျန်ရှိနေသေးတာကြောင့် စက်သုံးဆီ ပြတ်လပ်မှာကို စိုးရိမ်စရာ မလိုဘူးလို့ စစ်ကောင်စီရဲ့ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ပြောကြားထားပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။