By မိုင်းအနိုင်၊ ရွှေဖီမြေ

အိမ်ခြေ ၆ဝဝ ကျော်ရှိတဲ့ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ရှိ ကျေးရွာတစ်ရွာထဲ လွန်ခဲ့တဲ့ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်ကောင်စီစစ်ကြောင်း ဝင်ရောက် တပ်စွဲနေထိုင်ခဲ့လို့ စစ်အာဏာရှင်ကို မကြိုက်မနှစ်သက်ကြတဲ့ ကျေးရွာခံ အများစုဟာ ကျေးရွာထဲကနေ အိုးအိမ် စွန့်ခွာပြီး စစ်ရှောင်ခဲ့ကြပါတယ်။

တချို့စစ်ရှောင်ဟာ နီးစပ်ရာ မြို့တွေဘက် ရှောင်ပြေးနိုင်ခဲ့ကြပေမဲ့ အိမ်ခြေ ၄ဝဝ နီးပါးဟာ နီးစပ်ရာ တောတွေထဲ တဲ ထိုးပြီး ဖြစ်သလို နေထိုင်နေကြရပါတယ်။

“အစကတော့ နီးစပ်ရွာတွေဘက်ကို ပြေးဖို့လုပ်တယ်။ ဒါပေမဲ့ ပျူရွာကနေ လာတယ်ဆိုပြီးတော့ ဘယ်ရွာမှ လက်မခံကြဘူးလေ။ အဲဒါနဲ့ ခြံရှိသူတွေအချင်းချင်းကဘဲ ဝေမျှပြီး အဲခြံတွေထဲမှာ တဲလေး ဆောက်ပြီး နေထိုင်လိုက်တယ်” လို့ မိသားစုဝင် ၆ ဦးရဲ့ အိမ်ထောင်ဦးစီး အမျိုးသားတစ်ဦးက ပြောပါတယ်။

တောထဲ စစ်ရှောင်နေရစဉ်အတွင်း စစ်ကောင်စီရဲ့ရန်ကို ကြောက်ရသလို နယ်မြေအတွင်းရှိ လှုပ်ရှားနေတဲ့ တော်လှန်ရေးတပ်ဖွဲ့ရဲ့ တင်းကြပ်စွာ စစ်ဆေးမေးမြန်းခြင်း၊ ခွဲခြားဆက်ဆံခံရခြင်းကိုလည်း ခံစားလာခဲ့ကြရတယ်လို့ ရွာခံတွေက ပြောဆိုပါတယ်။

“မုံရွာမြို့မှာလည်း ဒီရွာနာမည် ပါရင်ကိုဘဲ ခွေးက ဖမ်းတယ်။ ဒီနယ်မြေမှာလည်း ဟိုသွားဒီသွား လုပ်တာတို့ ဆေးခန်း သွားတာကအစ တော်လှန်ရေးအဖွဲ့တွေရဲ့ ထောက်ခံစာ လိုတယ်။ မဟုတ်ရင် စစ်ဆေးရေးဂိတ်တွေက ပေးမသွားဘူး။ အစစ်အဆေးလည်း ကြမ်းတယ်။ အခုကတော့ နားလည်လာနေကြပါပြီ” လို့ အထက်ပါ အမျိုးသားက ဆက်ပြောပါတယ်။

လက်ရှိ အဲဒီကျေးရွာခံတွေဟာ နေ့စားအလုပ် လုပ်တာ၊ စိုက်ပျိုးရေးနဲ့ ဝက်မွေးမြူရေးကို အဓိက လုပ်ဆောင်ပြီး နေ့စဥ္ ဝမ်းစာရေးကို ဖြေရှင်းနေကြရပါတယ်။

ကျေးရွာဟာ စစ်ရှောင်စာရင်းထဲ မပါတာကြောင့် အလှူရှင်က ရောက်လာတာမျိုး မရှိသလို ကလေးငယ်အတွက် ပညာရေး မနှောင့်နှေးစေဖို့အတွက်လည်း မူလတန်းကနေ အထက်တန်းအထိ ကိုယ်ထူကိုယ်ထစာသင်ကျောင်း ဖွင့်လှစ်ထားပါတယ်။

စာသင်ပေးနေတဲ့ ကျေးရွာထဲက CDM ဆရာဆရာမနဲ့ လုပ်အားပေး ဆရာဆရာမတွေကို လစာငွေ ၇ သောင်းသာ ကျေးရွာက ထောက်ပံ့ပေးနိုင်ပြီး ကျောင်းသူကျောင်းသားဦးရေကတော့ ၁၅ ဦးအထိ ရှိတယ်လို့ ဆိုပါတယ်။

“ကျောင်းနေတဲ့ ကလေးတွေအတွက် တစ်လကို ၂ ထောင်စီ ကောက်တယ်။ ဆရာဆရာမတွေအတွက် မုန့်ဖိုးပေါ့။ အဲဒါကို အချို့က မထည့်နိုင်ကြဘူး။ အကုန်လုံးက ခက်ခဲနေကြတာ။ တစ်ခုရှိတာက ဒီရွာသားတွေက အလုပ်သိပ်မရွေးကြဘူး။ ဘာအလုပ်ရှိရှိ လုပ်တတ်ကြတယ်။ အဲဒါကြောင့်ပဲ ငတ်တဲ့အဆင့်ထိ မဖြစ်ကြတာ” ဆိုပြီး ကျေးရွာခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

လက်ရှိ နေထိုင်နေတဲ့ တောထဲက နေအိမ်ကိုလည်း စစ်တပ်နဲ့ ပျူစောထီးက ၂ ကြိမ်တိုင်တိုင် လာရောက် မီးရှို့ဖျက်ဆီးခဲ့ပြီဖြစ်သလို စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့လည်း မကြာခဏ ပစ်ခတ်လာတယ်လို့ ကျေးရွာခံတွေက ပြောပါတယ်။

၂ဝ၂၄ ခုနှစ်အတွင်း တော်လှန်ရေးတပ်နဲ့ အနီးနားရှိ ကျေးရွာတွေက ၎င်းတို့ကို စတင်လက်ခံလာကြပြီး ဆက်ဆံရေး ပြေလည်လာနေပြီလို့ ဆိုပါတယ်။

တောထဲကို ရောက်လာကြတဲ့ ထောင်နဲ့ချီတဲ့ ရွာခံတွေဟာ စစ်ကောင်စီကို ထောက်ခံတဲ့ ပျူတွေ မဟုတ်တာကြောင့် သူတို့ကို ခွဲခြားဆက်ဆံတာ မလုပ်ဖို့နဲ့ ကလေးငယ်အတွက် လိုအပ်နေတဲ့ ပညာရေး ထောက်ပံ့မှုကိုလည်း သက်ဆိုင်ရာဘက်က လာရောက်ထောက်ပံ့ပေးဖို့ ရွာခံတွေက လိုလားနေကြပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။