ဖားကန့်မှာ တိုက်ပွဲ ဆက်ပြင်းထန်နေ၊ လက်နက်ကြီးကျလို့ ရွှေဂေါင်ဂေါင် ကုမ္ပဏီအတွင်းက ကားတွေ ပေါက်ကွဲမီးလောင်
တိုက်ပွဲ ဆက်လက် ပြင်းထန်နေတဲ့ ကချင်ပြည်နယ် ဖားကန့်မြို့ရှိ ရွှေဂေါင်ဂေါင် ကုမ္ပဏီထဲ လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ ကားတွေ မီးလောင်ပျက်စီးသွားတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ကော်သူလေးတပ်ရဲ့ ခြုံခိုတိုက်ခိုက်မှုကြောင့် KNLA ရဲဘော် ၅ ဦး ဒဏ်ရာ ရခဲ့တယ်လို့ KNU ထုတ်ပြန်
ကရင်အမျိုးသားအစည်းအရုံး- KNU ကော်သူးလေအုပ်ချုပ်နယ်မြေ မြိတ်ထားဝယ်ခရိုင် ကစယ်ဒိုမြို့နယ်မှာ ကရင်တပ်မတော်- KNLA ရဲ့ စစ်ကြောင်းကို ကော်သူလေးတပ်မတော်- KTLA က ခြုံခိုတိုက်ခိုက်ခဲ့တာကြောင့် KNLA ရဲဘော် ၅ ဦး ဒဏ်ရာ ရခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။
မယ်စဲ့မြို့နယ်အတွင်း သုံ့ပန်းတွေ ထိန်းသိမ်းထားတဲ့နေရာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ၈ နှစ်အရွယ် ကလေး ၁ ဦးအပါအဝင် ၅ ဦး သေဆုံး
ကရင်နီပြည် မယ်စဲ့မြို့နယ်အတွင်း သုံ့ပန်းတွေ ထိန်းသိမ်းထားတဲ့နေရာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ၈ နှစ်အရွယ် ကလေး ၁ ဦးအပါအဝင် ၅ ဦး သေဆုံးခဲ့တယ်လို့ ကရင်နီကြားကာလအစိုးရ- IEC ရဲ့ အထွေထွေအတွင်းရေးမှူး(၂) ဗညားခွန်းအောင်က ရွှေဖီမြေကို ပြောပါတယ်။
လားရှိုးမြို့မှာ စက်သုံးဆီ အကန့်အသတ်နဲ့သာ ရောင်းချပေးနေပြီး လမ်းဘေးဆိုင်မှာ တစ်လီတာကို ၁ သောင်းခွဲအထိ ဈေးပေါက်နေ
ရှမ်းမြောက် လားရှိုးမြို့မှာ စက်သုံးဆီကို အကန့်အသတ်နဲ့သာ ရောင်းချပေးနေပြီး လမ်းဘေးမှာ ဗူးအလိုက် ရောင်းချသူတွေ တစ်လီတာကို ၁ သောင်းခွဲကျပ်ဝန်းကျင်အထိ ရောင်းနေတယ်လို့ လားရှိုးဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။
မိုးကုတ်မှာ စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်ပေမဲ့ မိုးမိတ်မှာ ၃ လကျော်တဲ့အထိ အုပ်ချုပ်ရေး မလည်ပတ်နိုင်
တရုတ်အကူအညီနဲ့ စစ်ကောင်စီတပ် ပြန်ရခဲ့တဲ့ မန္တလေးတိုင်း မိုးကုတ်မြို့မှာ အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်ပေမဲ့ ရှမ်းမြောက် မိုးမိတ်မြို့မှာတော့ ၃ လကျော် ကြာတဲ့အထိ မလည်ပတ်နိုင်သေးဘဲ မြေပြင်မှာလည်း ပစ်ခတ်မှု ဆက်ဖြစ်နေတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။