နောင်ချိုမှာ ထင်းခုတ်ဖို့ သွားတဲ့ အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ခြေတစ်ဖက် ဖြတ်လိုက်ရ၊ ဆေးကုသဖို့ ငွေကြေးအကူအညီလိုအပ်နေ
စစ်ကောင်စီတပ် ပြန်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နောင်ချိုမြို့နယ် ရွှေမုဠောကျေးရွာအုပ်စု နောင်လိပ်ရွာက အမျိုးသားတစ်ဦးဟာ ထင်းသွားခုတ်ရင်း မြေမြှုပ်မိုင်း နင်းမိခဲ့တာကြောင့် ဘယ်ဖက်ခြေထောက် ဖြတ်လိုက်ရတယ်လို့ နီးစပ်သူ အမျိုးသားတစ်ဦးက ပြောပါတယ်။
ကိုးကန့်တပ်က လားရှိုးကနေ နမ္မတူဘက် ဖြတ်သန်းသွားလာခွင့်ကို ထပ်ပိတ်ပြန်၊ ကားအများအပြား ထပ်ပိတ်မိနေ
ကိုးကန်တပ်-MNDAAက သူတို့ထိန်းချုပ်ထားတဲ့ လားရှိုးကနေ တအာင်းတပ်-TNLA ထိန်းချုပ်ထားတဲ့ နမ္မတူနဲ့ဆက်သွယ်ထားတဲ့ အီနိုင်းတံတားပေါ် ကားဖြတ်သန်းခွင့်ကို ထပ်မံပိတ်လိုက်ပြီလို့ ခရီးသည်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ကွတ်ခိုင်က ရွှေတူးလုပ်ကွက်တစ်ခုမှာ မြေပြိုမှုဖြစ်၊ အမျိုးသမီး ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ
တအာင်းတပ်- PSLF/TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် မိုင်းပူးကျေးရွာအုပ်စု လုံကမ်ရွာအနီးရှိ ရွှေတူးဖော်တဲ့ လုပ်ကွက်တစ်ခုမှာ မြေပြိုလို့ အမျိုးသမီး ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
တကောင်းမြို့ကို အလုံးစုံ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း စစ်ကောင်စီ ထုတ်ပြန်၊ တကောင်းနီကယ်စက်ရုံရှိတဲ့ ထီးချိုင့်ဘက် စစ်ရေး ဦးတည်လာ
အမျိုးသား ညီညွတ်ရေးအစိုးရ- NUG နဲ့ ပူးပေါင်းတပ်တွေ ၁ နှစ်ကျော်ကြာ ထိန်းချုပ်ခဲ့တဲ့ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တကောင်းမြို့ကို အလုံးစုံ ပြန်ထိန်းချုပ်နိုင်ခဲ့ကြောင်း စစ်ကောင်စီက မနေ့ မတ်လ ၁၂ ရက်မှာ ထုတ်ပြန်လာပါတယ်။